Back to All-Channel Home Page
All Channel's Fashion
Brand List
Ladies Wear
Fashion Articles
Fashion Tips
Hair Style
Model
Stylist
New Arrival
News
Fashion Interview
Job Vacancy
Sponsored By
Store List
Store List



 
 
 
FASHION INTERVIEW
လူငယ် များနှင့် ပြောင်းလဲလာတဲ့ ဆံပင်ပုံစံ

မိန်းကလေးတစ်ယောက်ရဲ့အလှတွေထဲမှာ ဆံပင်စတိုင်ဟာလည်းတစ်မျိုး အပါအ၀င်လို့ ပြောရမှာပါ။ လတ်တလော ၂၀၀၇ ခုနှစ်ရဲ့ ဖက်ရှင်အကျဆုံး ဆံပင်ပုံစံလေးတွေကတော့ နဖူးပေါ်မှာဝဲနေတဲ့ ဂျပန်ဆာမူရိုင်းဆံပင်ပုံစံလေးတွေလို့ပဲ သတ်မှတ်ရ ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့အနုပညာရှင်မိန်းကလေးတွေဟာအရှေ့ဆံပင်လေးတွေနဖူးပေါ်မှာဆံမြိတ်ချ ထားတဲ့ပုံစံကို တော်တော်များများညှပ်လာကြပါတယ်။

 လျှပ်ပြက်သလိုအမျိုးမျိုးပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းထဲမှာ ဆံပင်ပုံစံ အမျိုးမျိုးဟာလည်း မိန်းကလေးတွေကြားမှာ ရေပန်းစားလှပါတယ်။ ၂၀၀၃၊ ၂၀၀၄ ခုနှစ်လောက်က ဆံပင်ဖြောင့်တွေ နဲ့ခေတ်စားခဲ့သလို ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်ကလည်း ဆံပင်အကောက်ခွေခွေလေးတွေက မိန်းကလေးတိုင်း ကို ဖမ်းစား ခဲ့ပြန်ပါတယ်။ အခု ၂၀၀၇ ခုနှစ်မှာတော့ အရှေ့ဆံပင်ဆံမြိတ်ချထားတာလေး တွေဟာ အနုပညာရှင်တွေကြားမှာ စတင်ခေတ်စားလာပြီး အရပ်သူမိန်းကလေးတွေကြားမှာ တစ်စတစ်စ ပျံ့နှံ့လာတာကိုတွေ့ရပါတယ်။

 

ညီမလေးဒီဆံပင်ပုံစံကို ထားတာကြာပြီလား။
သုံးလလောက်ရှိပါပြီ။ အကယ်ဒမီမတိုင်ခင်ကပေါ့။

ဒီဆံပင်လေးကသဇင့်မျက်နှာကို ပိုပြီးနုပျို သွားစေတယ်။ ဘယ်လိုကြောင့် ရွေးချယ်ခဲ့တာ လဲ။

ကောင်မလေးတွေတော်တော်များများညှပ်ထား ကြတာတွေ့ရတယ်။ ခေတ်ရေစီးကြောင်းကြောင့် လား။
သမီးကဂရင်းမီးရထားဟိုတယ်မှာ ခေါင်းအမြဲတမ်းလျှော်တယ်။ အဲဒီက ဆံပင်ညှပ်တဲ့ နိုင်ငံခြားသား
တရုတ်ကပြောင်းပေးတာပါ။ ခေတ်စားနေတဲ့ ဖက်ရှင်ပေါ့နော်။ မိန်းကလေး တော်တော်များများလည်း
ညှပ်ကြတယ်။ လိုက် လည်းလိုက်တယ်လို့သမီးထင်တယ်။

ဆံပင်ပုံစံတစ်မျိုးကို အကြာကြီးမထားဘဲ ပြောင်းသင့်လား။ အနုပညာရှင်မိန်းကလေးတစ်

ယောက်အနေနဲ့ပိုပြီးပြောင်းသင့်တယ်ထင်လား။
ထင်တယ်အစ်မ။ ဆံပင်ပုံစံတစ်မျိုးကို အကြာကြီးမထားစေချင်ဘူး။ ပြောင်းရင်လည်း
သိသိသာသာပြောင်းစေချင်တယ်။ သိသိသာသာ ပြောင်းတော့သတိထားမိတာပေါ့။

သဇင်ဆံပင်အကောက်ကိုလည်း နှစ်သက်ပုံရတယ်နော်။
ဆံပင်အကောက်တုန်းကသမီးနဲ့နည်းနည်း ရင့်တယ်လို့ပြောကြတယ်။ အဲဒီတုန်းကလည်း
ခေတ်စားလာလို့ပုံစံပြောင်းတာပါပဲ။ အခုကျတော့ နောက်ဘက်ကို ညှပ်ဖို့ အစီအစဉ်မရှိဘူး။ ဆံပင်
ညှပ်ပေးတဲ့လူကိုပုံစံပြောင်းချင်တယ်။ အရှေ့ပဲ ပြောင်းပေးပါပြောထားတာ။ ဒီဆံပင်သမီးနဲ့
လိုက်တယ်ဆိုရင်သူတော်လို့ပါ။

အခုညီမလေးနဲ့အရှေ့ဆံပင်ညှပ်ထားတာချင်း တူညီကြတဲ့ပြည့်ဖူးခိုင်တို့၊ အေးမြတ်သူတို့နဲ့ ဓာတ်ပုံအတူရိုက်ရတော့ရော။
ခံစားချက်ကပျော်တယ်။ လူငယ်အချင်းချင်း အပေးအယူရှိကြတော့ဒီလိုရိုက်ရတာကို အမှတ်တရဖြစ်စေတယ်။

အနုပညာအကြောင်းပြောပါဦးညီမ။ သီချင်း ဆိုရတာနဲ့သရုပ်ဆောင်လုပ်ရတာဘယ်ဟာက ပိုပြီးလွတ်လပ်လဲ။
တစ်မျိုးစီပေါ့နော်။ သီချင်းဆိုလည်း ပျော် တယ်။ ရုပ်ရှင်ရိုက်ရတာလည်းပျော်တယ်။ သီချင်း
တိုက်နေရင်မင်းသမီးလုပ်ရတာကိုမေ့ထားတယ်။ ရုပ်ရှင်ရိုက်နေရင်လည်း သီချင်းအကြောင်းတွေ မတွေးဘူး။ နှစ်ခုစလုံးကိုသမီးကြိုက်တယ်။

အသက် (၂၃)နှစ်နဲ့လူကြီးတစ်ယောက်လို အလုပ်တွေဆက်တိုက်လုပ်နေရတော့ လူငယ်ဘ၀ ရဲ့
လွတ်လပ်မှုတွေဆုံးရှုံးလား။

ဆုံးတော့မဆုံးရှုံးပါဘူး။ သမီးသွားချင်တယ် ဆိုရင် မေမေကလိုက်ပို့တာပဲ။ ဒါပေမဲ့ ကိုယ့်
အလုပ်နဲ့ကိုယ်ဆိုတော့မအားပါဘူး။ ဟိုဒီသွားချင် စိတ်သိပ်မရှိတော့ဘူး။ အချိန်နည်းသွားတာကိုး။
အလုပ်ထဲမှာပဲနေနေရတာပိုပျော်နေတယ်။

ဒီအနုပညာကြောင့် ရင့်ကျက်တဲ့စိတ်တွေ ပိုရှိလာလား။
ကွာတာတော့ငယ်ငယ်တုန်းကနဲ့ကွာသွား ပြီ။ အခုကျတော့လူအများနဲ့ဆက်ဆံလာရပြီကိုး။


ရုပ်ရှင်အသိုက်အ၀န်းရော၊ စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ရော နောက်ပြီး ဏမနျနညအနမ လည်းလုပ်ဖြစ်
တာတွေရှိလာတော့ဘာမဆိုလူကြီးဆန်ဆန် စဉ်းစားတတ်လာပြီ။ ရင့်ကျက်လာပြီပဲဆိုပါတော့ နော် (ရယ်လျက်)။

သဇင့်ရဲ့အလုပ်ကို စီမံလက်ခံပေးတာကရော မေမေပဲလား။ အလုပ်ကိစ္စစကားပြောရတာက အစပေါ့။
မေမေကအစကတည်းက ကောင်းတာဆိုး တာပဲ ခွဲပြတာပါ။ ကိုယ့်ဘာသာလုပ်ရတာ။ ကိုယ့်
အလုပ်ကိစ္စကိုယ်ပဲပြောရတာလေ။ဘာပဲလုပ်လုပ်၊ ဘယ်လောက်ခက်ခက်ဖြစ်အောင်လုပ်ဆိုတဲ့
အားပေးစကားတော့အမြဲပြောပေးပါတယ်။


Source:Yiti