လွန်ခဲ့တဲ့၁၀ စုနှစ်တာ ကာလတွေနဲ့ မတူဘဲ မြန်မာအမျိုးသမီးတွေရဲ့ အလှ အပအပေါ် စိတ်ဝင်စားမှု၊ ဒီအတွက် ငွေကြေးအကုန်အကျခံမှုတွေဟာ တစ်နှစ် ထက်တစ်နှစ် မြင့်မားလာပါတယ်။
လှဖို့ပဖို့ ကိစ္စတွေ ပိုပိုလုပ်လာကြတာ မှာ မျက်နှာပိုင်းတင်မကဘဲ ခန္ဓာကိုယ် လှပဖို့အတွက်လည်း အဆီချတာ၊ ခန္ဓာ ကိုယ်တစ်ခုလုံး ပေါင်းတင်တာ၊ ချေးချွတ် တာ စတဲ့အနုစိတ် ပြုပြင်မှုတွေကိုပါ လုပ်လာကြပါတယ်။
အဲဒီလို ပြုပြင်မှုတွေထဲမှာ ခန္ဓာကိုယ် အချိုးအဆစ်ကျနဖို့အတွက် အရေးပါတဲ့ ရင်သားထိန်းသိမ်းမှုအပိုင်းကိုလည်း အမျိုးသမီးတွေ တစ်စတစ်စ စိတ်ဝင်စား လာကြတာကို တွေ့ရပါတယ်။
ကလယ်ရာ ဗြူတီစင်တာက ]]အစက တော့ ဆိုင်အနေနဲ့ကို ရင်သားထိန်းသိမ်း ရေးဆိုင်ရာဝန်ဆောင်မှုပေးဖို့ စိတ်မ၀င် စားခဲ့ဘူး။ ခုနောက်ပိုင်းမှ ရင်သား ကြီးလွန်း၊ ငယ်လွန်း၊ အိမ်ထောင်သည်တွေ ကလေးနို့ဆွဲလို့ အရမ်းတွဲကျတာ တွေအတွက် ရင်သားလှပမှုအတွက်ပါ လုပ်ပေးသင့်တယ်လို့ အပြောများလာ တာနဲ့ မကြာခင်မှာ ဖွင့်ဖို့ စီစဉ်နေပါ တယ်}} လို့ မဂျူးဒစ်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက် ကတည်းက ရင်သားအလှထိန်းသိမ်းရေး ပိုင်းကိုပါ ၀န်ဆောင်မှုပေးခဲ့တဲူ့ှေသကမခန ဗြူတီစပါးကတော့ ပြည်တွင်းက အမျိုးသမီးတွေအနေနဲ့ ဒီနှစ်နှစ်အတွင်းမှာ ရင်သားထိန်းသိမ်းရေးအပိုင်း ကို စိတ်ဝင်စားမှု မသိမသာလေး ပိုလာ တယ်လို့ ဆိုပါတယ်။
]]ရင်သားထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး လုပ်တာကတော့ အိမ်ထောင်သည်တွေ၊ ကလေးမိခင်တွေပါပဲ။ ဒါပေမယ့်လည်း အမျိုးသမီးငယ်လေးတွေလည်း လုပ်လာ ကြပါတယ်}}လို့ှေသကမခန ဗြူတီစပါး က အလှအပ ပညာရှင်ဖြစ်တဲ့ မ၀င်းဝင်း မာက ပြောပါတယ်။
ရင်သားအလှ ထိန်းသိမ်းမှုအတွကှ်ူေသကမခန က အသုံးပြုတဲ့နည်းက တော့ ရင်သားကို ပေါင်းတင်၊ ဆေးလိမ်း တဲ့နည်းနဲ့ ပြုပြင်ပေးတာဖြစ်ပြီး တစ်ပတ် ကို နှစ်ကြိမ်နှုန်းနဲ့ ရှစ်ကြိမ်လုပ်ပေးရမယ် လို့ဆိုပါတယ်။ တစ်ကြိမ်အတွက် ကုန်ကျ စရိတ်က အက်ဖ်အီးစီ ၆၀ ဖြစ်တယ်လို့ မ၀င်းဝင်းမာက ပြောပြပါတယ်။
မြန်မာအမျိုးသမီးတွေဟာ အလှအပ နဲ့ပတ်သက်ပြီး အရင်ကထက် ပိုပြီး ဗဟု သုတများလာတာ မှန်ပေမယ့် ရင်သား ထိန်းသိမ်းရေးဆိုင်ရာ လုပ်ဆောင်မှုတွေကျတော့ အများအားဖြင့်လုပ်ရမှာ၊ ပြောရမှာ ရှက်တဲ့အပြင် ကိုယ်လုပ်တယ် ဆိုရင်လည်း လျှို့လျှို့ဝှက်ဝှက်လောက် လေးပဲ လုပ်ချင်ကြတော့ ဒီဝန်ဆောင်မှုလုပ်ငန်းဟာ တွင်တွင်ကျယ်ကျယ် ကြီးတော့ ဖြစ်မလာသေးပါဘူးတဲ့။
ရင်သားအလှနဲ့ပတ်သက်ပြီး ခွဲစိတ်ကုသမှုတွေ လုပ်ပေးနေတဲ့ အပြည်ပြည် ဆိုင်ရာ ပန်းလှိုင်ဆေးရုံကြီးက ဒေါက်တာ ရဲမိုးမြင့်ကတော့]]ဆေးရုံအနေနဲ့ ရင်သားနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုကို ၂၀၀၆ ခုနှစ် နှစ်လယ် လောက်က စတင်ပေးခဲ့ပြီး ၂၀၀၇ ခုနှစ် အစောပိုင်းလောက်မှာပဲ ဆက်သွယ်စုံစမ်းမေးမြန်းမှုတွေရတယ်}} လို့ ပြောပါတယ်။
ရင်သားအလှခွဲစိတ်ပြုပြင်တာကတော့ ရင်သားအနီးတစ်ဝိုက်မှာ လက်မလောက် အရွယ် ခွဲစိတ်ပြီး ရင်သား အတွင်းကို လိုအပ်တဲ့ ဆီလီကွန် ထည့်သွင်းပြုပြင်တာဖြစ်တယ်လို့ သိရပါတယ်။
]]ရင်သားပြုပြင်ချင်တဲ့ အမျိုးသမီးဟာ မခွဲစိတ်မီ သူ့ရင်သားအလှကို ဘယ်လောက် အတိုင်းအတာအထိ မှန်း ထားသလဲ၊ ဆရာဝန်ကလည်း ဆေး ပညာအရ ဘယ်လောက်လုပ်ပေးနိုင် သလဲဆိုတာတွေကို မခွဲစိတ်မီ အသေး စိတ်ကို အရင်တိုင်ပင်ရမယ်။ ဒီလိုခွဲစိတ်ပြီးရင် ကလေးနို့တိုက်ဖို့အတွက် အဆင်မပြေနိုင်ဘူးဆိုတာကိုလည်း အဓိက စဉ်းစားရပါမယ်}} လို့ ဒေါက်တာရဲမိုးမြင့် က ပြောပါတယ်။
ရင်သားအလှ ထိန်းသိမ်းမှုဟာ အနောက်နိုင်ငံတွေတင်မက အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အမျိုးသမီးတွေ အတော်လေး စိတ်ဝင်စားတဲ့ အလှအပ ထိန်းသိမ်းမှုဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ စိတ်ဝင်စားမှု နည်းသေး တယ်လို့ ဒေါက်တာက ဆိုပါတယ်။
]]ဆေးရုံမှာ ရင်သားပြုပြင်ရေး လုပ်မယ်ဆိုရင် အပြီးအစီး ကျပ် သိန်း ၄၀ ကုန်ကျပါ့မယ်။ ကျွန်တော်တို့ဆေးရုံမှာ ရင်သားပြုပြင်မှုကို လုပ်ပေးနေပေမယ့် လာရောက်တဲ့သူကတော့ ငါးဂဏန်း အောက်မှာပဲ ရှိပါတယ်}} လို့ ဒေါက်တာ ရဲမိုးမြင့်က ပြောပါတယ်။
ခွဲစိတ်မှုဟာ ရင်သားကိုပြည့်ဝန်းလှပစေပေမယ့် အိပ်နေလည်း ပုံမပျက်တာကြောင့် ပြုပြင်ထားတယ်ဆိုတာကိုတော့ သိသာစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းအလှအပဆိုင်ရာအဆင့်မြင့်နည်းပညာတစ်ရပ်ဖြစ်တဲ့ ရင်သားအလှပြုပြင်မှု ကို ပြည်တွင်းမှာတင်ဆောင်ရွက်နိုင်တဲ့ အနေအထားကတော့ အားရစရာပါပဲ။